16_Mar_2010
|
| ပြည်ပဆန်သတင်း |
|
ဇန်န၀ါရီလဆန်းမှစ၍ ကျဆင်းလာသော အာရှဆန်ဈေးနှုန်းများသည် မတ်လ (၁၅) ရက်နေ့အထိ ဆက်လက်ကျဆင်းလာခဲ့ပါသည်။ မတ်လ (၅) ရက်မတိုင်မီက တစ်တန်လျှင် ကန်ဒေါ်လာ ၄၈၀ ရှိခဲ့သော ထိုင်းဆန်ဖြူ ၂၅% သည် မတ်လ (၅) ရက်နေ့မှစ၍ တစ်တန်လျှင် ၄၆၀ ဒေါ်လာ သို့လည်းကောင်း၊ ဗီယက်နမ် ဆန်ဖြူ ၂၅% မှာ ၃၇၅ ဒေါ်လာမှ ၃၆၀ ဒေါ်လာသို့လည်းကောင်းရောက်ရှိခဲ့ပါသည်။ ပါကစ္စတန်ဆန်ဖြူ ၂၅%မှာမူ ပြောင်းလဲမှုမရှိ ဈေးနှုန်းတည်ငြိမနေပါသည်။ ဆန်ဈေးကျဆင်းရခြင်းမှာ ကမ္ဘာဆန်ထုတ်လုပ်မှု အများဆုံး ထိုင်းနှင့် ဗီယက်နမ်ဆန်သစ်ပေါ် နေချိန်တွင် ကမ္ဘာ့ဆန်ဝယ်လိုအားနည်းနေခြင်း၊ ဆန်တင်သွင်းနေကျ အာဖရိကနှင့် ဖိလစ်ပိုင်တို့က လောလောဆယ် ဆန်အ၀ယ်ခေတ္တရပ်နား ထားခြင်းတို့ကြောင့်ဖြစ်သည် ဟုသိရသည်။ အပြည့်အစုံဖတ်ရန် rice_15_3_2010.pdf |
| Source: riceonline.com, financialexpress.bd.com, Vietnamnews.vnageney.com.vn, thehindubusinessline.com, Oryza.com, abs-cbnnews.com (10,12, 15 March 2010) |
| ကြည့်ပါ - အပြည်ပြည်ဆိုင်ရာဈေးကွက် ဈေးနှုန်းအချက်အလက်များ |
| ကြည့်ပါ - ပြည်တွင်းဈေးကွက် ဈေးနှုန်းအချက်အလက်များ |
| ကြည့်ပါ - နေပြည်တော် ကုန်စည်ဒိုင် ကုန်စည် သတင်းဈေးနှုန်း |


