(က) စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်
(၁) ကုမ္ပဏီ Letter Head ပါလျှောက်လွှာ၊
(၂) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ၊
(၃) ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်မိတ္တူ၊
(၄) စီးပွားရေးအကျိုးဆောင်ခန့်အပ်သည့်စာ/စာချုပ် (မူရင်း၊မိတ္တူ ၊ Notary နှင့် မြန်မာသံရုံးထောက်ခံချက်)
(၅) နိုင်ငံခြားသား Pass Post မိတ္တူ (ကိုယ်တိုင်လာရောက်သူလုပ်ငန်းရှင်များ အတွက်သာ)၊
(၆) နိုင်ငံခြားကုမ္ပဏီမှတ်ပုံတင်မိတ္တူနှင့် Director စာရင်းမိတ္တူ၊
(၇) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊
(ခ) အကောက်ခွန်လွတ်အရောင်းဆိုင်မှတ်ပုံတင်
(၁) ကုမ္ပဏီ Letter Head ပါလျှောက်လွှာ၊
(၂) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ၊
(၃) ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ်မိတ္တူ၊
(၄) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန် သတ်မှတ်ထားသောဌာန၏ ဆိုင်ခန်းဖွင့်လှစ် ခွင့်ပြုကြောင်း ထောက်ခံချက်နှင့် ဆိုင်ခန်းငှားရမ်းစာချုပ်၊
(၅) အကောက်ခွန်ဦးစီးဌာနမှအာမခံသိုလှောင်ရုံ Bonded Warehouse ထားရှိ ဆောင်ရွက်ခွင့်လိုင်စင်၊
(၆) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့်ယစ်မျိုး လိုင်စင် (FL-19)၊
(၇) ဖွင့်လှစ်မည့်ဆိုင်တည်နေရာပြ Layout Plan၊
(၈) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊
(ဂ) Sale Centre/Show Room ဖွင့်လှစ်၍ မော်တော်ယာဉ်များ တင်သွင်းရောင်းချခွင့်ပြုလက်မှတ်
(၁) ကုမ္ပဏီ Letter Head ပါလျှောက်လွှာ၊
(၂) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် ကုမ္ပဏီမှတ်တမ်းအကျဉ်းချုပ်တို့အား Print Out ထားသည့် မိတ္တူအထောက်အထားများ၊
(၃) ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ်မိတ္တူ၊
(၄) စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်လက်မှတ်/တစ်ဖက် ကုန်ရောင်းသည့် ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် Agreement (မူရင်း/မိတ္တူ)၊
(၅) သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုမိန့် (မူရင်း/မိတ္တူ)၊
(၆) သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့လုပ်ငန်းလိုင်စင် (မူရင်း/မိတ္တူ)၊
(၇) နိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ် တစ်ခုခုတွင် အာမခံငွေ (Deposit)အဖြစ် မြန်မာငွေကျပ် သိန်း(၅၀၀)ထည့်သွင်းထားသည့်ဘဏ်စာအုပ်(မူရင်း/မိတ္တူ)၊
(၈) မြေပြင်စစ်ဆေးရေးအဖွဲ့၏ မြေပြင်စစ်ဆေးချက်အစီရင်ခံစာ စာအုပ်၊
(၉) လာရောက်လျှောက်ထားသူသည် ကုမ္ပဏီ၏ဒါရိုက်တာ အဖွဲ့ဝင်မဟုတ်ပါက ၎င်းပုဂ္ဂိုလ်၏ မှတ်ပုံတင်မိတ္တူ၊ လုပ်ငန်းရှင်စိစစ်ရေးကတ်မိတ္တူနှင့်ကိုယ်စားလှယ်လွှဲစာ၊
(ဃ) ယမကာတင်သွင်းခွင့်မှတ်ပုံတင်ကတ်
(၁) ကုမ္ပဏီ/ အသင်းအဖွဲ့ Letter Head ပါ လျှောက်လွှာ၊
(၂) ကုမ္ပဏီ ဒါရိုက်တာတစ်ဦး၏ နိုင်ငံခြားဖြစ်အရက်ကို လက် ကား ရောင်းချခွင့်လိုင်စင် FL-11 ၊
(၃) နိုင်ငံခြားအရက်ပြင်းကို ပေါင်းစပ်ခွင့်၊ ရောနှောခွင့်၊ အနံ့ ထည့်ခွင့်နှင့် အရောင်ဆိုးခွင့် လိုင်စင် FL – 4၊
(၄) နိုင်ငံခြားအရက်ပြင်းကို ပုလင်းသွတ်ခွင့် လိုင်စင် FL–5 ၊
(၅) နိုင်ငံခြားဖြစ်အရက် ထုတ်လုပ်ဖြန့်ဖြူးသူနှင့် တစ်ဦးတည်း ဖြန့်ဖြူး ရောင်းဝယ်ခွင့် (Exclusive Distribution) သို့မဟုတ် ရောင်းဝယ်ခွင့် (Exclusive Dealership) ကိုယ်စားလှယ်အဖြစ် ချုပ်ဆိုထားသော စာချုပ် (မူရင်းနှင့် မိတ္တူ)၊
(၆) ကိုယ်စားလှယ်လွှဲစာနှင့် မှတ်ပုံတင်ကတ် (မိတ္တူ)၊
(၇) တင်သွင်းမည့် အရက်နှင့် စပ်လျဉ်းသည့် အချက်အလက်များ
(က) အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်း၊
(ခ) ကုန်ပစ္စည်းအမည်၊ အမျိုးအစား၊ အမှတ်တံဆိပ်၊ ပါဝင် သည့် ပစ္စည်းနှင့် ထုပ်ပိုးမှုပုံစံ၊
(ဂ) ထုတ်လုပ်သည့် ခုနှစ် နှင့် သက်တမ်း၊
(ဃ) ထုတ်လုပ်သည့်နိုင်ငံ၊ ကုမ္ပဏီအမည်နှင့်လိပ်စာ၊
(င) လက်လီ/လက်ကားမှတ်ပုံတင်
(နိုင်ငံခြားသားအပြည့်အဝဆောင်ရွက်သည့်ကုမ္ပဏီ၊ နိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်စည်းဆောင်ရွက်သည့် ကုမ္ပဏီနှင့် အမိန့် ကြော်ငြာစာအမှတ် ၂၅/၂၀၁၈ ထုတ်ပြန်သည့်ရက်နောက်ပိုင်း တည်ထောင်သော မြန်မာနိုင်ငံသားကုမ္ပဏီ)
(၁) ကုမ္ပဏီ Letter Head ပါလျှောက်လွှာ၊
(၂) လက်လီ/လက်ကားရောင်းချခွင့်မှတ်ပုံတင်လျှောက်လွှာ(အင်္ဂလိပ်-မြန်မာ)၊
(၃) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊
(၄) MIC၏ အတည်ပြုမိန့်/ခွင့်ပြုမိန့်(မိတ္တူ)၊ (MIC ၏ ခွင့်ပြုချက် သို့မဟုတ် အတည်ပြုမိန့်ရယူဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီ၊ နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအတွက်သာ)၊
(၅) သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ်ရှိမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ထောက်ခံချက်၊
(၆) လက်လီ/လက်ကား ရောင်းချဖြန့်ဖြူးမည့် ကုန်ပစ္စည်းအုပ်စုစာရင်း ၊
(၇) လက်လီ/လက်ကားရောင်းချဖြန့်ဖြူးခြင်း လုပ်ငန်းများ၏ အနည်းဆုံး ၅ နှစ်တာအတွက် လုပ်ဆောင်မည့် လုပ်ငန်း ဆောင်ရွက်မှုစီမံချက် (Business Plan for 5 Years)၊
(၈) နောက်ထပ်ဆိုင်သစ်ဖွင့်ရန် ရည်ရွယ်ထားသော ဆိုင်အရေအတွက်နှင့်တည်နေရာ (နေရာအတည်အကျ ဖော်ပြနိုင်ပါကဖော်ပြပေးရန်)၊
(၉) ကနဦး ရင်းနှီးမြှုပ်နှံမှု ပမာဏကို ပြည်ပမှ ပြည်တွင်း ဘဏ် တစ်ခုခုသို့ လွှဲပြောင်း/ဖြည့်သွင်းပြီးဖြစ်ကြောင်း ပြသနိုင်သည့် ယင်းဘဏ်မှထုတ်ပေးသည့် အထောက်အထား၊
(၁၀) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊
(အမိန့်ကြော်ငြာစာအမှတ် ၂၅/၂၀၁၈ အရ အကျုံးဝင်သော လက်လီ/လက်ကားဆောင်ရွက်လျှက်ရှိသည့်မြန်မာနိုင်ငံသား ကုမ္ပဏီများ)
(၁) ကုမ္ပဏီ Letter Head ပါလျှောက်လွှာ၊
(၂) လက်လီ/လက်ကားရောင်းချခွင့်မှတ်ပုံတင်လျှောက်လွှာ (အင်္ဂလိပ်-မြန်မာ)၊
(၃) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ၊
(၄) လက်လီ/လက်ကား ရောင်းချဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်ဖော်ပြချက်-
(ကက) လက်လီ/လက်ကားရောင်းချဖြန့်ဖြူးလျှက်ရှိသည့် ကုန်ပစ္စည်းအုပ်စုစာရင်း၊
( ခခ ) လွန်ခဲ့သော တစ်နှစ်အတွင်း လက်လီ/လက်ကားရောင်းချဖြန့်ဖြူးခြင်းလုပ်ငန်းတွင် လည်ပတ်ဆောင်ရွက်လျှက်ရှိသည့် ငွေပမာဏ၊
( ဂဂ ) ရောင်းချမှု၊ ဖြန့်ဖြူးမှုနှင့်စီမံခန့်ခွဲမှုအစီအစဉ်၊
(ဃဃ) တည်နေရာနှင့်အကျယ်အဝန်း၊
(၅) ရောင်းချဖြန့်ဖြူးလျက်ရှိသည့် အခြားဆိုင်များရှိပါက ဆိုင်အရေအတွက်နှင့် အဆိုပါ ဆိုင်များတွင် ရောင်းချဖြန့်ဖြူး လျှက်ရှိသည့် ကုန်ပစ္စည်းအုပ်စုစာရင်း၊ လက်လီ/လက်ကား ရောင်းချဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်မှု စီအစဉ် ဖော်ပြ ချက်၊
(၆) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊