logo
ENGLISH | MYANMAR
LOGIN | REGISTER
  • LOGIN | REGISTER
  • ABOUT US
  • HOW TO APPLY
  • FAQs
  • CONTACT
  • ENGLISH | MYANMAR
    LOGIN | REGISTER

Announcements

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုသင်တန်း (၁/၂၀၂၂) သင်တန်းသားခေါ်ယူခြင်း

Virtual Online စနစ်အသုံးပြု၍ “ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ် အသုံးပြု သင်တန်း(၁/၂၀၂၂)”အား သင်တန်းသားဦးရေ(၅၀၀-ဦး)ဖြင့် အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပါသည် - -

သင်တန်း နေ့ရက်/အချိန်/နေရာ နှင့် ဘာသာရပ်များ

(၁) သင်တန်းနေ့ရက် - (၂၉-၁-၂၀၂၂) မှ (၃၀-၁-၂၀၂၂)

(၂) (2) သင်တန်းအချိန် - (၁၀ : ၀၀) မှ (၁၅ : ၀၀)နာရီအထိ

(၃) သင်ကြားမည့်ပုံစံ - Virtual Online စနစ်

(၄) သင်ကြားမည့်ဘာသာရပ်များ -

(က) Tradenet2.0 Brief

(ခ) Tradenet Memberလျှောက်ထားခြင်း

(ဂ) ပသကနှင့်ဆက်စပ်ကတ်များ(မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)

(ဃ) ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ(မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)

(င) ကုန်သွယ်မှုဆိုင်ရာငွေပေးသွင်းမှု(e-Commerce Pay)

လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့် သင်တန်းကြေး

(၁) သင်တန်း Formလက်ခံခြင်း - (၂၀-၁-၂၀၂၂) မှ (၂၃-၁-၂၀၂၂)

(၂) သင်တန်းဝင်ခွင့်ရရှိသည့် သင်တန်းသားအားထုတ်ပြန်အကြောင်းကြားခြင်း - (၂၄-၁-၂၀၂၂)

(၃) သင်တန်းကြေးပေးသွင်းရမည့်ရက် - (၂၅-၁-၂၀၂၂) မှ (၂၆-၁-၂၀၂၂)

(၄) သင်တန်းတက်ရောက်ရန်အကြောင်းပြန်ကြားမည့်ရက် - (၂၈-၁-၂၀၂၁)

(၅) သင်တန်းကြေး - ၃၀၀၀၀ ကျပ်

လျှောက်ထားခြင်း/ငွေသွင်းခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်

(၁) လျှောက်လွှာနှင့်ကုမ္ပဏီထောက်ခံချက်အား [email protected] သို့ သတ်မှတ်ရက်ထက် မကျော်လွန်ဘဲ ပေးပို့လျှောက်ထားရန်။ (လျှောက်လွှာနှင့် ကုမ္ပဏီထောက်ခံချက်ပုံစံအားDownload ရယူရန်)

(၂) (၂၅-၁-၂၀၂၂)တွင် တက်ရောက်ခွင့်ရရှိမှုအား လျှောက်လွှာပါ e-mail သို့ အကြောင်းပြန်ကြားမည်။

(၃) သင်တန်းတက်ရောက်ခွင့် e-mail ရရှိပါက KBZ Quick Pay ဖြင့်ပေးသွင်းသင်တန်းကြေးပေးသွင်းရန်။ (Quick Pay ပေးသွင်းရန် Title - Department of Trade/Tradenet Training Fees) (သင်တန်းတက် ရောက်ခွင့်ရရှိသူများသာ ငွေပေးသွင်းရန်)

(၄) သင်တန်းကြေးပေးသွင်းပြီး Screen Short အား လျှောက်လွှာပေးပို့ခဲ့သည့် e-mail ဖြင့် Reply mail ဖြင့် ပေးပို့ရမည်။

(၅) ငွေပေးသွင်းမှုစိစစ်ပြီးပါက Zoom ID နှင့် သင်ခန်းစာများအား (၂၈-၁-၂၀၂၂)ရက်နေ့တွင် e-mailသို့ ပေးပို့မည်။

စည်းကမ်းချက်များ

(၁) သတ်မှတ်ရက်ကျော်လွန်လျှောက်ထားလာသည့် လျှောက်လွှာများလက်ခံခြင်းမပြုပါ။

(၂) လျှောက်လွှာတွင်ပါရှိသော အချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရမည်ဖြစ်ပြီး တက် ရောက်ခွင့်ရရှိပါက Quick Pay တွင် ပါရှိသည့် အချက်(၆)ချက်ကိုလည်း သေချာစွာဖြည့်သွင်းရမည်။

(၃) သင်တန်းသားဦးရေကျော်လွန်ပါက နောက်ဖွင့်လှစ်မည့်သင်တန်းတွင်သာတက်ရောက်ခွင့်ရရှိမည်။

(၄) သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

(၅) သင်တန်းဆင်းလက်မှတ် e-Certificate အား တစ်ပတ်အတွင်း လျှောက်လွှာပါ email သို့ ပေးပို့သွားမည်ဖြစ်သည်။

မှတ်ချက် - အခက်အခဲရှိပါက ၀၆၇-၄၀၈၄၁၂, ၀၆၇-၄၀၈၂၄၁, ၀၆၇-၄၀၈၆၇၁, ၀၆၇-၄၀၈၄၈၅

ကုန်သွယ်ရေးဦးစီးဌာန

Posted on Jan 19 2022
 
Updated Announcements
  • Tradenet 2.0 (3-2022) သို့ တက်ရောက်ခွင့်ရသည့် သင်တန်းသားစာရင်းအား ကြေငြာခြင်း
  • ဆေးနှင့်ဆေးဝါးအထောက်အကူပြု/ စားသောက်ကုန်ပစ္စည်းများ တင်သွင်းလိုသည့် ကုမ္ပဏီများအနေဖြင့် လိုက်နာဆောင်ရွက်ရန်အချက်များ
  • Myanmar Tradenet 2.0 စနစ်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်နှင့် ဆက်စပ်ကတ်များ Online ဖြင့် လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အချက်အလက်များ
  • မူလပသအဟောင်းနှင့် Myanmar Tradenet 2.0 Meber ချိတ်ဆက်ခြင်းအတွက် တင်ပြရမည့် Form ပုံစံရယူရန်
  • Tradenet 2.0 စနစ်တွင် ပို့ကုန်/သွင်းကုန်လိုင်စင်လျှောက်ထားရမည့် Section များ

Terms and Conditions | Disclaimers | Copyright

Copyright © 2020. Ministry of Commerce. All Rights Reserved.

TradeNet2.0 website is funded by the U.S. Agency for International Development (USAID).