logo
ENGLISH | MYANMAR
LOGIN | REGISTER
  • LOGIN | REGISTER
  • ABOUT US
  • HOW TO APPLY
  • FAQs
  • CONTACT
  • ENGLISH | MYANMAR
    LOGIN | REGISTER

Announcements

Myanmar Tradenet 2.0 စနစ်အသုံးပြုမှုသင်တန်းများ

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုသင်တန်း (၄/၂၀၂၂) သင်တန်းသားခေါ်ယူခြင်း

 

           Virtual Online စနစ်အသုံးပြု၍ “ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ် အသုံးပြု သင်တန်း (၄/၂၀၂၂)”အား သင်တန်းသားဦးရေ (၅၀၀-ဦး) ဖြင့် အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပါသည် -

သင်တန်း နေ့ရက်/အချိန်/နေရာနှင့် ဘာသာရပ်များ

  1. သင်တန်းနေ့ရက်                -    (၅-၉-၂၀၂၂)ရက်နေ့ မှ (၉-၉-၂၀၂၂)ရက်နေ့ထိ
  2. သင်တန်းအချိန်                   -    (၁၄ : ၀၀) မှ (၁၆ : ၃၀)နာရီအထိ
  3. သင်တန်းနေရာ                   -    Virtual Online
  4. ပို့ချမည့်ဘာသာရပ်များ       -    *Tradenet2.0  Brief, *Tradenet Member, * HS Code အကြောင်း                         *ပသကနှင့်ဆက်စပ်ကတ်များ(မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)

                                                         *ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ(မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)

                                                         *ကုန်သွယ်မှုဆိုင်ရာငွေပေးသွင်းမှု(e-Commerce Pay)                                                     * ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Online Co)                                          

လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့် သင်တန်းကြေး

(၁)    အများသိရှိနိုင်ရန်ကြော်ငြာမည့်ရက်                                  -    (၁၆-၈-၂၀၂၂)

(၂)    သင်တန်း Form လက်ခံခြင်း                                            -    (၂၂-၈-၂၀၂၂) မှ (၂၆-၈-၂၀၂၂)       

(၃)    သင်တန်းဝင်ခွင့်ရရှိသည့် သင်တန်းသားအား                    -      (၂၉-၈-၂၀၂၂)

         ထုတ်ပြန်အကြောင်းကြားခြင်း               

(၄)    သင်တန်းကြေးပေးသွင်းရမည့်ရက်                                   -    (၃၀-၈-၂၀၂၂) မှ (၃၁-၈-၂၀၂၂)

(၅)    Webinar Register ပြုလုပ်ရမည့်ရက်                               -    (၂-၉-၂၀၂၂) ရက်နေ့

(၆)    သင်တန်းကြေး                                                                -    ၃၀၀၀၀ ကျပ်

လျှောက်ထားခြင်း/ငွေသွင်းခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်

  1. လျှောက်လွှာနှင့် dottraining2015@gmail.com သို့ သတ်မှတ်ရက်ထက်မကျော်လွန်ဘဲ ပေးပို့ လျှောက်ထားရန်။

         (လျှောက်လွှာနှင့်ကုမ္ပဏီထောက်ခံချက်ပုံစံ www.myanmartradenet.com တွင် Download ရယူရန်)

      (၂၉-၈-၂၀၂၂) တွင်တက်ရောက်ခွင့်ရရှိမှုအား လျှောက်လွှာပါ e-mail သို့ အကြောင်းပြန်ကြားမည်ဖြစ်

      ပြီး Commerce Website, Tradenet Website, Commercial New Facebook Page နှင့်

     Tradenet 2.0 Facebook Page တို့တွင် ကြော်ငြာပေးသွားမည်။

  1. သင်တန်းတက်ရောက်ခွင့် e-mail ရရှိပါက KBZ Quick Pay ဖြင့် သင်တန်းကြေးပေးသွင်းရန်။

         (Quick Payပေးသွင်းရန် Title - Department of Trade/Tradenet Training Fees)(သင်တန်းတက် ရောက်ခွင့်ရရှိသူများသာ ငွေပေးသွင်းရန်)

 

  1. သင်တန်းကြေးပေးသွင်းပြီး Screen Shot အားလျှောက်လွှာပေးပို့ခဲ့သည့် e-mail ဖြင့် Reply mail ပေးပို့ရမည်။
  2. ငွေပေးသွင်းမှုစိစစ်ပြီးပါက (၂-၉-၂၀၂၂) ရက်နေ့တွင် လျှောက်လွှာပါ e-mail သို့ Webinar Register ပြုလုပ်ရန်အတွက် Link နှင့် သင်ခန်းစာများအားပေးပို့သွားမည်။

စည်းကမ်းချက်များ

  1. သတ်မှတ်ရက်ကျော်လွန်လျှောက်ထားလာသည့် လျှောက်လွှာများလက်ခံခြင်းမပြုပါ။
  2. လျှောက်လွှာတွင်ပါရှိသော အချက်များအားပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရန်လိုအပ်ပါသည်။ လက်ရေး ဖြင့် ဖြည့်သွင်းပါက ရှင်းလင်းပီသစွာရေးသွင်းရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိပါက Quick Pay တွင် ပါရှိသည့် အချက်များအား သေချာစွာဖြည့်သွင်းရမည်။
  3. လျှောက်လွှာပါ e-mail သို့ Register Link ပေးပို့မည်ဖြစ်၍ သင်တန်းသား (၁) ဦးလျှင် e-mail  (၁) ခု ပေးပို့မှသာ Register Link နှင့် သင်ခန်းစာများ တစ်ဦးချင်းစီသို့ သီးခြားပေးပို့နိုင်မည်ဖြစ်သည်။
  4. သင်တန်းသားဦးရေကျော်လွန်ပါက နောက်ဖွင့်လှစ်မည့်သင်တန်းတွင်သာ တက်ရောက်ခွင့်ရရှိမည်။
  5. သင်တန်းအားအချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။
  6. သင်တန်းဆင်းလက်မှတ် e-Certificate အား (၂)ပတ်အတွင်း လျှောက်လွှာပါ email သို့ ပေးပို့သွား မည်ဖြစ်သည်။

 

မှတ်ချက်    -     အခက်အခဲရှိပါက ၀၆၇-၄၀၈၄၁၂, ၀၆၇-၄၀၈၂၄၁, ၀၆၇-၄၀၈၆၇၁, ၀၆၇-၄၀၈၄၈၅

 

Download - Registration Form

ကုန်သွယ်ရေးဦးစီးဌာန

 

Posted on Aug 16 2022
 
Updated Announcements
  • Tradenet 2.0 စနစ်တွင် ကုန်သွယ်မှုဆိုင်ရာ အခကြေးငွေများကို MPU(e-Commerce Pay) စနစ်အပြင် မြန်မာနိုင်ငံသားများဘဏ်၏ Citizen Pay စနစ်ဖြင့်ပါ ပေးသွင်းဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာချက်
  • Tradenet 2.0 စနစ်တွင် ရန်ကုန်-ကော့သောင်း-ရနောင်း နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားရာတွင် Licence Information အဆင့်၌ ရွေးချယ်ရမည့် နမူနာပုံစံများ
  • ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်နှင့်ဆက်စပ်ကတ်များ Online ဖြင့် လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အချက်အလက်များ
  • Tradenet 2.0 စနစ်တွင် ပို့ကုန်/သွင်းကုန်လိုင်စင်လျှောက်ထားရမည့် Section များ
  • Tradenet 2.0 စနစ်နှင့်ပတ်သက်၍ ဆက်သွယ်စုံစမ်းနိုင်သည့် ဖုန်းနံပါတ်နှင့် email များ

Terms and Conditions | Disclaimers | Copyright

Copyright © 2020. Ministry of Commerce. All Rights Reserved.

TradeNet2.0 website is funded by the U.S. Agency for International Development (USAID).