Tradenet 2.0 စနစ်အသုံးပြုမှုသင်တန်း(၁/၂၀၂၁) အားVirtualOnline စနစ်ဖြင့်ဖွင့်လှစ်မည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ဖွင့်လှစ်မည့် ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့်အပြည့်အဝအသုံးပြုနိုင်သည့် Tradenet 2.0 စနစ် အသုံးပြုမှုနှင့် ကုန်သွယ်မှုနှင့်သက်ဆိုင်သည့်အောက်ပါဘာသာရပ်များကို အွန်လိုင်းစနစ်ဖြင် အခမဲ့ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပါသည် -
(၁) ဖွင့်လှစ်မည့်နေ့ရက် - (၂၁-၁-၂၀၂၁)ရက်နေ့မှ (၂၂-၁-၂၀၂၁)ရက်နေ့ထိ (၂)ရက်
(၂) အချိန် - နံနက် (၁၀၀၀)နာရီမှ (၁၅၀၀)နာရီအထိ
(၃) သင်ကြားမည့်ပုံစံ - Virtual Online စနစ်
(၄) သင်ကြားမည့်ဘာသာရပ်များ - ကုန်သည်လုပ်ငန်းရှင်များမဖြစ်မနေသိသင့်သည့်ဘာသာရပ် နှင့် စနစ်အသုံးပြုမှုတို့အားအကျဉ်းချုပ်သင်ကြားပေးမည်-
(က) Tradenet 2.0 စနစ်အသုံးပြုမှု
(ခ) ပသကနှင့်ဆက်စပ်ကဒ်
(ဂ) ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်
(ဃ) ပင်ရင်းနိုင်ငံသင်သေခံလက်မှတ်(CO)
(၅) သင်တန်းသားသတ်မှတ်ချက် - ပသက မှတ်ပုံတင်ထားပြီး Myanmar Tradenet Member သက်တမ်းရှိသည့်ကုမ္ပဏီများမှ သက်ဆိုင်ရာကုမ္ပဏီအကြီး အကဲမှ တာဝန်ပေးအပ်သည့်ဝန်ထမ်း (၁)ဦး
(၆) သင်တန်းလျှောက်လွှာ နှင့် ကုမ္ပဏီထောက်ခံချက်တို့အား (၁၈-၁-၂၀၂၁)ရက်နေ့ (၁၆:၀၀) နာရီအချိန်နောက်ဆုံးထားပြီး [email protected] သို့ အချက်အလက်အပြည့်အစုံဖြင့် ပေးပို့ ရမည်ဖြစ်ပြီး လျှောက်လွှာ Form ပုံစံအား Download ရယူ နိုင်ပြီး www.commerce.gov.mm တွင်လည်း ရယူနိုင်ပါသည်။
(၇) တက်ရောက်ခွင့်ရရှိသည့်လုပ်ငန်းရှင်ကိုယ်စားလှယ်များ၏ အီးမေလ်းသို့ သင်တန်းသင်ကြား မည့် Virtual Online Link အား တိုက်ရိုက်ပြန်လည်ပေးပို့သွားမည်ဖြစ်ပြီး သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင်တက်ရောက်ရမည်ဖြစ်ပါသည်။
ကုန်သွယ်ရေးဦးစီးဌာန