logo
ENGLISH | MYANMAR
LOGIN | REGISTER
  • LOGIN | REGISTER
  • ABOUT US
  • HOW TO APPLY
  • FAQs
  • CONTACT
  • ENGLISH | MYANMAR
    LOGIN | REGISTER

Announcements

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုသင်တန်း (၂/၂၀၂၂) သင်တန်းသားခေါ်ယူခြင်း

Virtual Online စနစ်အသုံးပြု၍ “ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ် အသုံးပြု သင်တန်း (၂/၂၀၂၂)” အား သင်တန်းသားဦးရေ (၅၀၀-ဦး) ဖြင့် အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပါသည် -

သင်တန်း နေ့ရက်/အချိန်/နေရာနှင့် ဘာသာရပ်များ

  1. သင်တန်းနေ့ရက်                -    (၂၆-၂-၂၀၂၂) မှ (၂၇-၂-၂၀၂၂)
  2. သင်တန်းအချိန်                   -    (၁၀ : ၀၀) မှ (၁၅ : ၃၀) နာရီအထိ
  3. သင်တန်းနေရာ                   -    Virtual Online
  4. ပို့ချမည့်ဘာသာရပ်များ       -    *Tradenet 2.0  Brief, *Tradenet Member လျှောက်ထားခြင်း

                                                         *ပသကနှင့်ဆက်စပ်ကတ်များ (မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)

                                                         *ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ (မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)

                                                         *ကုန်သွယ်မှုဆိုင်ရာငွေပေးသွင်းမှု (e-Commerce Pay)                                             * ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Online Co)                                                       *H.S Code ဆိုင်ရာသိကောင်းစရာများ

လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့် သင်တန်းကြေး

(၁)    အများသိရှိနိုင်ရန်ကြော်ငြာမည့်ရက်                                  -    (၉-၂-၂၀၂၂)

(၂)    သင်တန်း Form လက်ခံခြင်း                                            -    (၁၄-၂-၂၀၂၂) မှ (၁၇-၂-၂၀၂၂)       

(၃)    သင်တန်းဝင်ခွင့်ရရှိသည့် သင်တန်းသားအား                     -     (၁၈-၂-၂၀၂၂)

         ထုတ်ပြန်အကြောင်းကြားခြင်း               

(၄)    သင်တန်းကြေးပေးသွင်းရမည့်ရက်                                   -    (၂၁-၂-၂၀၂၂) မှ (၂၂-၂-၂၀၂၂)

(၅)    Webinar Register ပြုလုပ်ရမည့်ရက်                               -    (၂၃-၂-၂၀၂၂) မှ (၂၄-၂-၂၀၂၂)

(၆)    သင်တန်းကြေး                                                                -    ၃၀၀၀၀ ကျပ်

လျှောက်ထားခြင်း/ငွေသွင်းခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်

  1. လျှောက်လွှာနှင့် dottraining2015@gmail.com သို့ သတ်မှတ်ရက်ထက်မကျော်လွန်ဘဲ ပေးပို့ လျှောက်ထားရန်။

         (လျှောက်လွှာနှင့်ကုမ္ပဏီထောက်ခံချက်ပုံစံ www.myanmartradenet.com တွင် Download ရယူရန်)

      (၁၈-၂-၂၀၂၂) တွင်တက်ရောက်ခွင့်ရရှိမှုအား လျှောက်လွှာပါ e-mail သို့ အကြောင်းပြန်ကြားမည်ဖြစ်

      ပြီး Commerce  Website , Tradenet  Website , Commercial  New  Facebook  Page  နှင့်

     Tradenet 2.0 Facebook Page တို့တွင် ကြော်ငြာပေးသွားမည်။

  1. သင်တန်းတက်ရောက်ခွင့် e-mail ရရှိပါက KBZ Quick Pay ဖြင့် သင်တန်းကြေးပေးသွင်းရန်။

         (Quick Pay ပေးသွင်းရန် Title - Department of Trade/Tradenet Training Fees) (သင်တန်းတက် ရောက်ခွင့်ရရှိသူများသာ ငွေပေးသွင်းရန်)

  1. သင်တန်းကြေးပေးသွင်းပြီး Screen Short အား လျှောက်လွှာပေးပို့ခဲ့သည့် e-mail ဖြင့် Reply mail ပေးပို့ရမည်။
  2. ငွေပေးသွင်းမှုစိစစ်ပြီးပါက (၂၃-၂-၂၀၂၂) ရက်နေ့တွင် လျှောက်လွှာပါ e-mail သို့ Webinar Register ပြုလုပ်ရန်အတွက် Link ပေးပို့မည်ဖြစ်ပြီး (၂၅-၂-၂၀၂၂) ရက်နေ့တွင် သင်ခန်းစာများအား ပေးပို့ သွားမည်။

စည်းကမ်းချက်များ

  1. သတ်မှတ်ရက်ကျော်လွန်လျှောက်ထားလာသည့်လျှောက်လွှာများလက်ခံခြင်းမပြုပါ။
  2. လျှောက်လွှာတွင်ပါရှိသော အချက်များအားပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရန်လိုအပ်ပါသည်။ လက်ရေး ဖြင့် ဖြည့်သွင်းပါက ရှင်းလင်းပီသစွာရေးသွင်းရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိပါက Quick Pay တွင်ပါရှိသည့် အချက်များအား သေချာစွာဖြည့်သွင်းရမည်။
  3. လျှောက်လွှာပါ e-mail သို့ Register Link ပေးပို့မည်ဖြစ်၍ သင်တန်းသား (၁) ဦးလျှင် e-mail  (၁) ခုပေးပို့မှသာ Register Link နှင့် သင်ခန်းစာများ တစ်ဦးချင်းစီသို့ သီးခြားပေးပို့နိုင်မည်ဖြစ်သည်။
  4. သင်တန်းသားဦးရေကျော်လွန်ပါက နောက်ဖွင့်လှစ်မည့်သင်တန်းတွင်သာတက်ရောက်ခွင့်ရရှိမည်။
  5. သင်တန်းအားအချိန်ပြည့်ပြီးဆုံးအောင်တက်ရောက်နိုင်သူဖြစ်ရမည်။
  6. သင်တန်းဆင်းလက်မှတ် e-Certificate အား တစ်ပတ်အတွင်း လျှောက်လွှာပါ email သို့ ပေးပို့သွား မည်ဖြစ်သည်။

 

မှတ်ချက်    -     အခက်အခဲရှိပါက ၀၆၇-၄၀၈၄၁၂, ၀၆၇-၄၀၈၂၄၁, ၀၆၇-၄၀၈၆၇၁, ၀၆၇-၄၀၈၄၈၅

 

 

ကုန်သွယ်ရေးဦးစီးဌာန

 

1. Registration Form (2-22).pdf

Posted on Feb 09 2022
 
Updated Announcements
  • Tradenet 2.0 (3-2022) သို့ တက်ရောက်ခွင့်ရသည့် သင်တန်းသားစာရင်းအား ကြေငြာခြင်း
  • ဆေးနှင့်ဆေးဝါးအထောက်အကူပြု/ စားသောက်ကုန်ပစ္စည်းများ တင်သွင်းလိုသည့် ကုမ္ပဏီများအနေဖြင့် လိုက်နာဆောင်ရွက်ရန်အချက်များ
  • Myanmar Tradenet 2.0 စနစ်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်နှင့် ဆက်စပ်ကတ်များ Online ဖြင့် လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အချက်အလက်များ
  • မူလပသအဟောင်းနှင့် Myanmar Tradenet 2.0 Meber ချိတ်ဆက်ခြင်းအတွက် တင်ပြရမည့် Form ပုံစံရယူရန်
  • Tradenet 2.0 စနစ်တွင် ပို့ကုန်/သွင်းကုန်လိုင်စင်လျှောက်ထားရမည့် Section များ

Terms and Conditions | Disclaimers | Copyright

Copyright © 2020. Ministry of Commerce. All Rights Reserved.

TradeNet2.0 website is funded by the U.S. Agency for International Development (USAID).