ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုသင်တန်း (၄/၂၀၂၂) သင်တန်းသားခေါ်ယူခြင်း
Virtual Online စနစ်အသုံးပြု၍ “ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ် အသုံးပြု သင်တန်း (၄/၂၀၂၂)”အား သင်တန်းသားဦးရေ (၅၀၀-ဦး) ဖြင့် အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပါသည် -
သင်တန်း နေ့ရက်/အချိန်/နေရာနှင့် ဘာသာရပ်များ
- သင်တန်းနေ့ရက် - (၅-၉-၂၀၂၂)ရက်နေ့ မှ (၉-၉-၂၀၂၂)ရက်နေ့ထိ
- သင်တန်းအချိန် - (၁၄ : ၀၀) မှ (၁၆ : ၃၀)နာရီအထိ
- သင်တန်းနေရာ - Virtual Online
- ပို့ချမည့်ဘာသာရပ်များ - *Tradenet2.0 Brief, *Tradenet Member, * HS Code အကြောင်း *ပသကနှင့်ဆက်စပ်ကတ်များ(မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)
*ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ(မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)
*ကုန်သွယ်မှုဆိုင်ရာငွေပေးသွင်းမှု(e-Commerce Pay) * ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Online Co)
လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့် သင်တန်းကြေး
(၁) အများသိရှိနိုင်ရန်ကြော်ငြာမည့်ရက် - (၁၆-၈-၂၀၂၂)
(၂) သင်တန်း Form လက်ခံခြင်း - (၂၂-၈-၂၀၂၂) မှ (၂၆-၈-၂၀၂၂)
(၃) သင်တန်းဝင်ခွင့်ရရှိသည့် သင်တန်းသားအား - (၂၉-၈-၂၀၂၂)
ထုတ်ပြန်အကြောင်းကြားခြင်း
(၄) သင်တန်းကြေးပေးသွင်းရမည့်ရက် - (၃၀-၈-၂၀၂၂) မှ (၃၁-၈-၂၀၂၂)
(၅) Webinar Register ပြုလုပ်ရမည့်ရက် - (၂-၉-၂၀၂၂) ရက်နေ့
(၆) သင်တန်းကြေး - ၃၀၀၀၀ ကျပ်
လျှောက်ထားခြင်း/ငွေသွင်းခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်
- လျှောက်လွှာနှင့် dottraining2015@gmail.com သို့ သတ်မှတ်ရက်ထက်မကျော်လွန်ဘဲ ပေးပို့ လျှောက်ထားရန်။
(လျှောက်လွှာနှင့်ကုမ္ပဏီထောက်ခံချက်ပုံစံ www.myanmartradenet.com တွင် Download ရယူရန်)
(၂၉-၈-၂၀၂၂) တွင်တက်ရောက်ခွင့်ရရှိမှုအား လျှောက်လွှာပါ e-mail သို့ အကြောင်းပြန်ကြားမည်ဖြစ်
ပြီး Commerce Website, Tradenet Website, Commercial New Facebook Page နှင့်
Tradenet 2.0 Facebook Page တို့တွင် ကြော်ငြာပေးသွားမည်။
- သင်တန်းတက်ရောက်ခွင့် e-mail ရရှိပါက KBZ Quick Pay ဖြင့် သင်တန်းကြေးပေးသွင်းရန်။
(Quick Payပေးသွင်းရန် Title - Department of Trade/Tradenet Training Fees)(သင်တန်းတက် ရောက်ခွင့်ရရှိသူများသာ ငွေပေးသွင်းရန်)
- သင်တန်းကြေးပေးသွင်းပြီး Screen Shot အားလျှောက်လွှာပေးပို့ခဲ့သည့် e-mail ဖြင့် Reply mail ပေးပို့ရမည်။
- ငွေပေးသွင်းမှုစိစစ်ပြီးပါက (၂-၉-၂၀၂၂) ရက်နေ့တွင် လျှောက်လွှာပါ e-mail သို့ Webinar Register ပြုလုပ်ရန်အတွက် Link နှင့် သင်ခန်းစာများအားပေးပို့သွားမည်။
စည်းကမ်းချက်များ
- သတ်မှတ်ရက်ကျော်လွန်လျှောက်ထားလာသည့် လျှောက်လွှာများလက်ခံခြင်းမပြုပါ။
- လျှောက်လွှာတွင်ပါရှိသော အချက်များအားပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရန်လိုအပ်ပါသည်။ လက်ရေး ဖြင့် ဖြည့်သွင်းပါက ရှင်းလင်းပီသစွာရေးသွင်းရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိပါက Quick Pay တွင် ပါရှိသည့် အချက်များအား သေချာစွာဖြည့်သွင်းရမည်။
- လျှောက်လွှာပါ e-mail သို့ Register Link ပေးပို့မည်ဖြစ်၍ သင်တန်းသား (၁) ဦးလျှင် e-mail (၁) ခု ပေးပို့မှသာ Register Link နှင့် သင်ခန်းစာများ တစ်ဦးချင်းစီသို့ သီးခြားပေးပို့နိုင်မည်ဖြစ်သည်။
- သင်တန်းသားဦးရေကျော်လွန်ပါက နောက်ဖွင့်လှစ်မည့်သင်တန်းတွင်သာ တက်ရောက်ခွင့်ရရှိမည်။
- သင်တန်းအားအချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။
- သင်တန်းဆင်းလက်မှတ် e-Certificate အား (၂)ပတ်အတွင်း လျှောက်လွှာပါ email သို့ ပေးပို့သွား မည်ဖြစ်သည်။
မှတ်ချက် - အခက်အခဲရှိပါက ၀၆၇-၄၀၈၄၁၂, ၀၆၇-၄၀၈၂၄၁, ၀၆၇-၄၀၈၆၇၁, ၀၆၇-၄၀၈၄၈၅
Download - Registration Form
ကုန်သွယ်ရေးဦးစီးဌာန